Likes
20
per views
4.6%
နေရပ်ပြန်မဲမပေးနိုင်သူတွေ ကြိုတင်မဲ စပေး အောက်တိုဘာ-၂၃၊၂၀၂၀ မဲစာရင်းပါ နေရပ်ကိုပြန်ပြီး မဲပေးဖို့ အခက်အခဲရှိနေသူတွေ ကြိုတင်မဲပေးနေကြပါပြီ။ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကြောင့် မိမိမဲစာရင်းပါ မဲဆန္ဒနယ်ကို ပြန်ပြီး ဆန္ဒမဲမပေးနိုင်တဲ့သူတွေ မဲပေးခွင့် မဆုံးရှုံးစေဖို့ဆိုပြီး ပုံစံ(၁၅)နဲ့ ကြိုတင်မဲလျှောက်ထားနိုင်တယ်လို့ ကော်မရှင်က ကြေညာထားတာပါ။ ကြိုတင်မဲပေးကြမယ့် မဲဆန္ဒရှင်တွေအတွက် ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ စမ်းချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးမျိုးညွန့်က အခုလိုရှင်းပြပါတယ်။ မဲစာရင်းပါ မဲဆန္ဒနယ်ကို ပြန်ပြီး ဆန္ဒမဲ မပေးနိုင်တဲ့ ကြိုတင်မဲပေးမယ့်သူတွေက လက်ရှိရောက်နေတဲ့ မဲဆန္ဒနယ်က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ အောက်တိုဘာ ၂၅ရက် နောက်ဆုံးထားပြီး ပုံစံ(၁၅)လျှောက်ထားရမှာပါ။ ပုံစံ(၁၅)လျှောက်ထားတဲ့အခါ မိမိမဲစာရင်းပါ နေရပ်က မဲစာရင်းအမှတ်၊ မဲရုံအမှတ်၊ နေရပ်လိပ်စာ အတိအကျနဲ့ လျှောက်ထားရမှာလည်း ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ကလည်း နိုဝင်ဘာ၁ရက်နေ့ နောက်ဆုံးထားကာ ဆန္ဒပြုပြီးတဲ့ မဲလက်မှတ်နဲ့ စာအိတ်တွေကို မိမိမြို့နယ်ကနေ သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီ အချိန်မီရောက်ရှိနိုင်ရေး စီမံဆောင်ရွက်ရမယ်လို့ ကော်မရှင်က အသိပေးထားပါတယ်။ အဲဒီ့ကြိုတင်မဲတွေက ရွေးကောက်ပွဲနေ့ ညနေ(၄)နာရီမတိုင်မီ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲတွေဆီ မရောက်ရှိပါက ပယ်မဲအဖြစ် သတ်မှတ်ရမှာကြောင့် နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း ကော်မရှင်ကဆိုပါတယ်။ ၂၀၂၀ရွေးကောက်ပွဲကို နိုဝင်ဘာ၈ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ၁၆ရက်သာ လိုပါတော့တယ်။ ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော် Subscribe to our channel at https://bit.ly/2CVSP6d Check out our website: http://www.7daydaily.com/ Connect with us at our social media handles: Facebook: https://www.facebook.com/7DayOnlineTV/ Twitter: https://twitter.com/7Day_TV
More